Zawgyi ျဖင့္ဖတ္ရန္


”အမ်ိဳးသမီးမ်ားရဲ့ထဘီတန္းေအာက္ကို ဝင္ရင္ ဘုန္းနိမ့္ပါသလား ဘုရား””
”နိမ့္တယ္ထင္ရင္ နိမ့္ပါတယ္ ၊မနိမ့္ဘူးထင္ရင္ မနိမ့္ပါဘူး”ဘာေၾကာင့္လဲဆိုေတာ့ ထဘီေၾကာင့္နိမ့္တာမဟုတ္ပဲ ”ထင္”ဆိုတဲ့ ဥပါဒါန္ေၾကာင့္သာနိမ့္သြားတယ္လို့ထင္တာပါ…ပိတ္စတစ္ခုပဲျဖစ္တဲ့ ထဘီ လိုႏူးညံ့တဲ့ပိတ္စ တစ္ခုဟာ သင့္ကိုဘယ္လိုမ်ားဒုကၡေရာက္ေစမလဲ။ ဘုန္းနိမ့္တယ္ဆိုတာက သင္ထင္သလိုမဟုတ္ျပန္ဘူး။
”ဘုန္းနိမ့္ၿပီဟဲ့”ဆိုတဲ့ သင့္ရဲ့ ခံစားခ်က္ဟာ negative feelingဘက္ကိုေရာက္သြားတယ္။စိတ္အလိုမက်ျဖစ္ေစတယ္…စိတ္ကိုေနာက္က်ိေစတယ္ ၊ အဲဒါဟာ စိတ္ပိုင္းဆိုင္ရာ အရည္အေသြး က်ဆင္းျခင္း ၊ စိတ္ပိုင္းဆိုင္ရာ ဘုန္းနိမ့္ျခင္းပါပဲ”
”ဒါဆို အရွင္ဘုရားအေနနဲ႔ ဝင္ခဲ့မိရင္ေရာ နိမ့္မွာလား”
”အဓိပၸာယ္မဲ့ ထဘီတန္းေအာက္ဝင္ဖို့ေတာ့စိတ္ကူးမရွိဘူး၊ လိုအပ္ခဲ့လို့ ဝင္ရၿပီဆိုလည္း ဘုန္းနိမ့္တယ္လို့ မယူဆပါဘူး။ရဟန္းတစ္ပါးရဲ့ အစြမ္းအစျဖစ္တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန္းေၾကာင့္ က်ဆင္းစရာ မရွိပါဘူး”
”သကၤန္းဟာ ျမင့္ျမတ္ပါသလား၊ဘုရား.”
”သကၤန္းကျမင့္ျမတ္တာမဟုတ္ပဲ သကၤန္းဝတ္ဆင္ရျခင္း ရည္ရြယ္ခ်က္က ျမင့္ျမတ္ေနတာပါ’ဒကာ။”ဘာရည္ရြယ္ခ်က္မို့လို့လဲဘုရား””ေရာင့္ရဲ ၿခိဳးၿခံလိုျခင္း””တပည့္ေတာ္ ၾကားဖူးတာက မိန္းမဟာ ဘုန္းကံနိမ့္တဲ့အတြက္ မိန္းမ ေအာက္ပိုင္းဝတ္တဲ့ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္လို့ ၾကားဘူးထားပါတယ္ဘုရား”
”ဘုန္းဆိုတာကို ရွင္းမွ ရေတာ့မယ္ဒကာ ၊ဘုန္းဆိုတာအက်ိ ုးသေဘာတရားပါ။ အစြမ္းအစလည္းျဖစ္တယ္။အားသာခ်က္လည္းျဖစ္တယ္ဒကာ။အက်ိ ုးသေဘာတရားေပါ့။ဒါဟာအေၾကာင္းတရားလုပ္ေဆာင္ခ်က္ကိုမူတည္ၿပီး အက်ိ ုးတရား ဘုန္းကံရယ္လို့ျဖစ္လာတယ္။
အေလးမျခင္း အေၾကာင္းဟာသန္မာျခင္းအက်ိ ုးကိုရမယ္။သန္မာျခင္းဟာ ဘုန္းပဲ။ေဖာ္ေရြပ်ဴ ငွာျခင္းအေၾကာင္းဟာလူခ်စ္လူခင္မ်ားျခင္း အက်ိ ုးကိုရမယ္။ဒီလူခ်စ္လူခင္မ်ားျခင္းဟာ ဘုန္းပဲ။
ထဘီတန္းေအာက္ဝင္ျခင္းအေၾကာင္းေၾကာင့္ ဘယ္အက်ိ ုးမ်ား ထိခိုက္ေစသလဲ။
ဒကာေတြးၾကည့္ပါ။ရက္ၾကာၾကာဝတ္ၿပီး မေလၽွာ္ရေသးတဲ့ ထဘီဆိုရင္ေတာ့ အနံ့ အသက္ဆိုးတဲ့ ေဝဒနာကို ရခ်င္ရမွာေပါ့””ဘုန္းဘုန္း ခုနကေျပာတယ္ နိမ့္တယ္ထင္ရင္ နိမ့္တယ္ဆို”
”ဒါဟာ ထဘီတန္းေအာက္ဝင္ျခင္းေၾကာင့္ နိမ့္တာမဟုတ္ဘူး နိမ့္တယ္လို့ ထင္မိတဲ့ ဥပါဒါန္အေၾကာင္းေၾကာင့္ပဲ။
စိတ္မသက္မသာခံစားရတယ္မဟုတ္လား…ဒါ သက္ေတာင့္သက္သာစိတ္ ပ်က္စီးသြားျခင္းေပါ့…စိတ္သက္ေတာင့္သက္သာျဖစ္တာ မေကာင္းဘူးလား”
”ေကာင္းပါတယ္ဘုရား”
”မိမိပိုင္ဆ္ိုင္ထားေသာ ေကာင္းေသာအရာတစ္ခု ပ်က္စီးယုတ္ေလ်ာ့ျခင္းဟာ ဘုန္းနိမ့္ျခင္းပါပဲ””ေရွးအဆက္ဆက္က ဒီလိုပဲေျပာလာၾကတာဘုရား… အရွင္ဘုရားလည္း သိမွာပါ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္ဆိုတာ ေရွးကတည္းက အယူအဆပါ”
”ဗုဒၶက ကာလာမသုတ္ကိုေဟာတယ္ ေရွးကေျပာတဲ့စကားမို့လို့လည္း အမွန္မယူေလနဲ႔တဲ့’
”ေရွးထုံးကပယ္သင့္သလားဘုရား””ပယ္သင့္ျခင္းမပယ္သင့္ျခင္းဟာ ေရွးထုံးေတြ ဒီေန႔ေခတ္ထုံးေတြေပၚမွာမမူတည္ပါဘူး။ အမွန္အမွားေပၚသာမူတည္ပါတယ္….မွန္ရင္ယူမယ္ မွားရင္ပယ္မယ္….
အမွန္အမွားကို ခြဲျခားဖို့ သင့္မွာ ဥာဏ္ရည္ရွိတယ္ ၊ဆင္ျခင္နိုင္စြမ္းလည္းရွိတယ္…သင္ေတြးၾကည့္ပါ ….ထဘီေအာက္ဝင္ရင္ ဘယ္လို အစြမ္းအစမ်ိ ုး က်ဆင္းနိုင္ပါသလဲ”
”မရွင္းတာေတြေမးဦးမယ္ဘုရား”
”ေမးပါ ဒကာ”
”တပည့္ေတာ္ တစ္ေန႔ကားစီးေတာ့ ဘုန္းႀကီးတစ္ပါးေဘးမွာ ထိုင္ျဖစ္တယ္ ၊ အဖြားအို တစ္ေယာက္တက္လာေတာ့ က်ေနာ္ကေနရာေပးတယ္ အဖြားအိုက ျငင္းတယ္ ၊ဘုန္းႀကီးေဘးမို့မထိုင္ရဲဘူးတဲ့ဘုရား”
ကားေပၚမွာ သံဃာေတာ္ကို ဦးစားေပးတဲ့အယူအဆကို မွန္တယ္လို့ အရွင္ဘုရားျမင္မိလား””ထိုင္ျခင္း ထျခင္းႏွစ္မ်ိ ုးမွာ ထိုင္ျခင္းက ပိုသက္သာတယ္ဒကာ….ထျခင္းဟာ ပို အားစိုက္ရတယ္…ဒီလိုဆိုေတာ့ အင္အားနည္းပါးသူဟာ ထိုင္ဖို့ ပိုလိုအပ္တယ္….ဒါေၾကာင့္ အင္အားနည္းသူကို ဦးစားေပးရမယ္…
အကယ္၍အင္အားရွိသူခ်င္း ယွဥ္လာရင္ အိေျႏၵပိုထိန္းရသူကို ဦးစားေပးမယ္… ကားအလွုပ္မွာ ယိုင္ထိုးေနမယ္ ဆိုရင္အိေျႏၵထိပါတယ္….သေဘာက ကေလးေခ်ာ္လဲတာ ႐ုပ္မပ်က္ေပမယ့္ လူႀကီးေခ်ာ္လဲေတာ့ ႐ုပ္ပ်က္တယ္…..
ဒါေၾကာင့္ က်န္းမာေရးေၾကာင့္ အင္အားနည္းသူ အသက္အရြယ္ေၾကာင့္အင္အားနည္းသူကို ဦးစားေပးၿပီးရင္ အိေျႏၵေဆာင္ ရဟန္းသံဃာကိုလည္း ဦးစားေပးသင့္ပါတယ္””ရဟန္းထက္ ပိုဦးစားေပးရတာ ရွိတဲ့သေဘာေပါ့”
”အေၾကာင္းအရာေပၚမူတည္ၿပီး ဗုဒၶထက္ကို ပိုဦးစားေပးရတာေတြ ရွိပါတယ္… အားလုံးဟာ ဆင္ျခင္တုံတရားနဲ႔ ေတြးရင္ အေျဖထြက္ပါတယ္ဒကာ””ဘုန္းႀကီးပုံစံက ေရွးရိုးစြဲ ဗုဒၶဘာသာနဲ႔ မူကြဲေနသလိုပဲ””ကြဲဖို့လည္း ႀကိဳးစားျခင္းမဟုတ္သလို တူဖို့လည္း ႀကိဳးစားေနျခင္းမဟုတ္ပါဒကာ….
ေရွးရိုးကို စြဲၿပီဆိုရင္ ဗုဒၶဘာသာ ရယ္လို့မေခၚပါဘူး… ဘာကိုမွ စြဲေနလို့မရဘူးဒကာ…ဘုန္းဘုန္းတို့က ေထရဝါဒဆိုတဲ့ ေခါင္းစဥ္အတြင္းမွာ နာမည္တပ္ခံထားရတယ္…ဒကာက ဘုန္းဘုန္းလို့ေခၚတယ္…..ဒီပညတ္ေတြကို အသည္းအသန္ ျငင္းဆန္ဖို့မလိုလို့ ဒီအတိုင္း လက္ခံထားတယ္….
ဇာတကဝတၳဳေတြ ဇာတ္ႀကီးဆယ္ဘြဲ႕ ေတြသင္ၾကားရတယ္…”ဒါကို သင္ၾကားရျခင္းကို ေရွးရိုးစြဲပါလို့လာေျပာလို့မရဘူး….အေၾကာင္းအရာကိုေတာ့ တူညီစြာသင္ခဲ့ရတယ္…သေဘာတရားကိုေတာ့ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ့ ဆင္ျခင္တုံတရားနဲ႔ ယူပါတယ္…
မဟာဇနက တကယ္လက္ပစ္ကူးခဲ့မကူးခဲ့ဆိုတာကို ဘုန္းႀကီးမေတြးဘူး…..ဘာ messageေပးသလဲဆိုတာကို ဘုန္းႀကီးယူတယ္…”မေသမခ်င္း အေလၽွာ့မေပးနဲ႔ ”ဆိုတဲ့ message….ဝမ္းဝေအာင္စားတယ္… ခါးဝတ္ကို ေရမဝင္ေအာင္ ဆီသုတ္တယ္ …ခါးဝတ္ကို သက္ကယ္ေဘာလို လုပ္ၿပီး ရွင္သန္ခြင့္ရွိသမၽွ ရွင္သန္ဖို့ ႀကိဳးစားတယ္ …
ေမခလာနဲ႔ ေတြ႕တာ မေတြ႕တာေနာက္ထား… သေဘၤာေပၚမွာ ဇနက အသက္အရွည္ဆုံးပဲမဟုတ္လား survival ရနိုင္သမၽွ ရေအာင္ ရွင္သန္ရဲရမယ္…သုတၱံေတြဟာ ဥပမာေဆာင္ၿပီး ေဟာတဲ့တရားပါ….အီစြပ္ပုံျပင္ေတြဟာ တကယ့္ျဖစ္ရပ္မဟုတ္သည့္တိုင္ ယူစရာ messageေတြရွိရဲ့မဟုတ္လားဒကာ”
”ဗုဒၶဘာသာဘုန္းႀကီးတစ္ပါးက မဟာဇနကဇာတ္ကို တကယ္ျဖစ္ခဲ့ မျဖစ္ခဲ့မေတြးဘူးဆိုေတာ့ ဒီစကားတာဝန္မႀကီးဘူးလားဘုရား””ဗုဒၶဘာသာမွာ ဘယ္သူကမွ က်မ္းဂန္လာေတြကို ယုံကိုယုံရမယ္ဆိုတဲ့ တာဝန္ရွိမေနဘူးဒကာယုံျခင္းမယုံျခင္းဟာ မိမိအခြင့္အေရး ၊ယုံျခင္း၏ေကာင္းက်ိ ုး လည္းမိမိစံ ၊ ယုံျခင္း၏ဆိုးက်ိ ုးလည္း မိမိခံ ဒါမၽွတပါတယ္…
ေလ့လာၾကည့္ပါ…..ကိုယ္ယုံတာကို သူမ်ားလည္းယုံေစလိုတဲ့ အေရးအသားေတြျမင္ရမယ္…
ကိုယ္ၾကည္ညိဳရာကို သူမ်ားလည္း ၾကည္ညိဳေစလိုတဲ့ အေရးအသားေတြျမင္ရမယ္…ဒါဟာ အႏုမာနသေဘာလည္းျဖစ္မယ္။ကိုယ့္ဘာသာဝင္ကို မ်ားေစခ်င္တဲ့ ေလာဘလည္းျဖစ္မယ္။ဒါမွမဟုတ္ ေကာင္းရာသို့ အႀကံျပဳ လိုတဲ့ ေမတၱာလည္းျဖစ္မယ္…။
အတၱာဟိအတၱေနာနာေထာ…..သင္ဘယ္လိုယူမလဲ ဘယ္လိုဆင္ျခင္မလဲ။ဒါသင့္အေပၚပဲမူတည္တယ္”
”တင္ပါ့ဘုရား” နားလည္ပါၿပီ ဘုရား… ။ သာဓု သာဓု သာဓု………. ။
ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး


Unicode ဖြင့်ဖတ်ရန်



ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ
”အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား””
”နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး”ဘာကြောင့်လဲဆိုတော့ ထဘီကြောင့်နိမ့်တာမဟုတ်ပဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့်သာနိမ့်သွားတယ်လို့ထင်တာပါ…ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး။
”ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။စိတ်အလိုမကျဖြစ်စေတယ်…စိတ်ကိုနောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ”
”ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား”
”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့တော့စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး။ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး”
”သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.”
”သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ’ဒကာ။”ဘာရည်ရွယ်ချက်မို့လို့လဲဘုရား””ရောင့်ရဲ ခြိုးခြံလိုခြင်း””တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား”
”ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ ၊ဘုန်းဆိုတာအကျိ ုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။အားသာချက်လည်းဖြစ်တယ်ဒကာ။အကျိ ုးသဘောတရားပေါ့။ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကိုမူတည်ပြီး အကျိ ုးတရား ဘုန်းကံရယ်လို့ဖြစ်လာတယ်။
အလေးမခြင်း အကြောင်းဟာသန်မာခြင်းအကျိ ုးကိုရမယ်။သန်မာခြင်းဟာ ဘုန်းပဲ။ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာလူချစ်လူခင်များခြင်း အကျိ ုးကိုရမယ်။ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။
ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့် ဘယ်အကျိ ုးများ ထိခိုက်စေသလဲ။
ဒကာတွေးကြည့်ပါ။ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့ အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့””ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို”
”ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။
စိတ်မသက်မသာခံစားရတယ်မဟုတ်လား…ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့…စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား”
”ကောင်းပါတယ်ဘုရား”
”မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ””ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား… အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ”
”ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း အမှန်မယူလေနဲ့တဲ့’
”ရှေးထုံးကပယ်သင့်သလားဘုရား””ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး။ အမှန်အမှားပေါ်သာမူတည်ပါတယ်….မှန်ရင်ယူမယ် မှားရင်ပယ်မယ်….
အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ် ၊ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်…သင်တွေးကြည့်ပါ ….ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိ ုး ကျဆင်းနိုင်ပါသလဲ”
”မရှင်းတာတွေမေးဦးမယ်ဘုရား”
”မေးပါ ဒကာ”
”တပည့်တော် တစ်နေ့ကားစီးတော့ ဘုန်းကြီးတစ်ပါးဘေးမှာ ထိုင်ဖြစ်တယ် ၊ အဖွားအို တစ်ယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ဘုရား”
ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့ အရှင်ဘုရားမြင်မိလား””ထိုင်ခြင်း ထခြင်းနှစ်မျိ ုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ….ထခြင်းဟာ ပို အားစိုက်ရတယ်…ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်….ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်…
အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိန္ဒြေပိုထိန်းရသူကို ဦးစားပေးမယ်… ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိန္ဒြေထိပါတယ်….သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်…..
ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိန္ဒြေဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်””ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့”
”အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်… အားလုံးဟာ ဆင်ခြင်တုံတရားနဲ့ တွေးရင် အဖြေထွက်ပါတယ်ဒကာ””ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ””ကွဲဖို့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ….
ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ ရယ်လို့မခေါ်ပါဘူး… ဘာကိုမှ စွဲနေလို့မရဘူးဒကာ…ဘုန်းဘုန်းတို့က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်…ဒကာက ဘုန်းဘုန်းလို့ခေါ်တယ်…..ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို့မလိုလို့ ဒီအတိုင်း လက်ခံထားတယ်….
ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့ တွေသင်ကြားရတယ်…”ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့လာပြောလို့မရဘူး….အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်…သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ ယူပါတယ်…
မဟာဇနက တကယ်လက်ပစ်ကူးခဲ့မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး…..ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်…”မသေမချင်း အလျှော့မပေးနဲ့ ”ဆိုတဲ့ message….ဝမ်းဝအောင်စားတယ်… ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် …ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ် …
မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား… သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်…သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ….အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ”
”ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကားတာဝန်မကြီးဘူးလားဘုရား””ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး ၊ယုံခြင်း၏ကောင်းကျိ ုး လည်းမိမိစံ ၊ ယုံခြင်း၏ဆိုးကျိ ုးလည်း မိမိခံ ဒါမျှတပါတယ်…
လေ့လာကြည့်ပါ…..ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်…
ကိုယ်ကြည်ညိုရာကို သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ်…ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်းဖြစ်မယ်။ဒါမှမဟုတ် ကောင်းရာသို့ အကြံပြု လိုတဲ့ မေတ္တာလည်းဖြစ်မယ်…။
အတ္တာဟိအတ္တနောနာထော…..သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။ဒါသင့်အပေါ်ပဲမူတည်တယ်”
”တင်ပါ့ဘုရား” နားလည်ပါပြီ ဘုရား… ။ သာဓု သာဓု သာဓု………. ။
ပါမောက္ခချုပ် ဆရာတော်ကြီး