# Zawgyi Version ျဖင့္ ဖတ္ပါ #
အသီးအႏွံမ်ားကို ခ်ိဳေစေသာ ဖ႐ူးတိုးစ္ သၾကားဓါတ္ေၾကာင့္ အစာစားခ်င္ စိတ္ကိုပိုေစၿပီး လူကိုလည္း ပို၍ ဆာေလာင္ ေစကာ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိုသူမ်ား၊ က်န္းမာေရး အရ အစားေရွာင္လို သူမ်ားအဖို ့ ကယ္လိုရီ မ်ားစြာပါဝင္ ေသာ အစားအစာမ်ားကို ထပ္မံစား မိလ်က္သား ျဖစ္ေနတတ္ေၾကာင္း သုေတသီမ်ားက ဆိုသည္။
သုေတသီမ်ားက ဖ႐ူးတိုးစ္ ပါဝင္ေသာ သစ္သီးေဖ်ာ္ရည္ႏွင့္ ဖ႐ူးတိုးစ္ၿပိဳကြဲရာမွ ထြက္ေပၚလာေသာ ဂလူးကို ့စ္ပါဝင္ ေသာ သစ္သီးေဖ်ာ္ရည္တို ့ကို ပုံမွန္ေသာက္သုံး သူမ်ားအား ဆန္းစစ္ေလ့လာခဲ့ရာ ဂလူးကို ့စ္ထက္ ဖ႐ူးတိုးစ္က လူကို အခ်ိဳစားခ်င္စိတ္ ပိုေစေၾကာင္း ေတြ ့ရွိခဲ့သည္။
ဂလူးကို ့စ္ကို ေပါင္မုန္ ့ကဲ့သို ့ ကာဗိုဟိုက္ဒရိတ္ျမင့္ မားေသာ အစားအစာမ်ားတြင္ ေတြ ့ရေလ့ရွိၿပီး ခႏၶာကိုယ္၏ ဇီဝ ကမၼျဖစ္စဥ္တိုင္းအတြက္ အသုံးဝင္ရာဝယ္ ဖ႐ူးတိုးစ္သည္ အစာစားၿပီးေနာက္ ဝလင္ျခင္းကိုခံစားရေစသည့္ အင္ဆူ လင္ ေဟာ္မုန္းကို လႈံ ့ေဆာ္ေပးျခင္းမျပဳသည့္အတြက္ ဖ႐ူးတိုးစ္ပါဝင္ေသာ အသီးအႏွံႏွင့္ေဖ်ာ္ရည္မ်ားကို စားေသာက္ၿပီးေသာ္လည္း ဝသည္ကဲ့သို ့ မခံစားရဘဲ ထပ္မံ၍ စားေသာက္မိတတ္ေၾကာင္း ေတြ ့ရွိခဲ့သည္။
သၾကားဓါတ္တစ္ခုနဲ ့တစ္ခု မတူသလို သူတို ့ေၾကာင့္ျဖစ္တဲ့ စားခ်င္စိတ္လည္း မတူပါဘူး။ ဒီေတာ့ လူေတြကို ဂလူးကို ့စ္ စားမယ့္အုပ္စုနဲ ့ ဖ႐ူးတိုးစ္စားမယ့္အုပ္စု ၂-စု ခြဲလိုက္တယ္။ အစားစားၿပီးတာနဲ ့ အခ်ိဳထပ္စားမလား ဒါမွမဟုတ္ ၁-လျပည့္တဲ့အခါ ရမယ့္ ဆုေတာ္ေငြကို ယူမလားလို ့ ေရြးစရာေပးလိုက္တယ္။ ဂလူးကို ့စ္စားသူေတြ က ၁-လျပည့္တဲ့အထိေစာင့္ၿပီး ဆုေငြကိုထုတ္ယူဖို ့ ေရြးခ်ယ္ၾကၿပီး ဖ႐ူူးတိုးစ္စားသူေတြကေတာ့ အခ်ိဳမုန္ ့ေလး တစ္ခုေလာက္ကို စားလိုက္ရဖို ့ပဲ ေတာင္းဆိုခဲ့ၾကတာကို ေတြ ့ရတယ္ဟု ေတာင္ပိုင္းကယ္လီဖိုးနီးယားတကၠသိုလ္ မွ သုေတသီတစ္ဦးက ေျပာျပသည္။
ထို ့ေၾကာင့္ အသီးအႏွံမ်ားကို စားေသာက္ရာဝယ္ ဖ႐ူးတိုးစ္သၾကားဓါတ္ ပါဝင္ၿပီးျဖစ္သည့္အတြက္ သၾကား ထပ္ထည့္ကာ စားေသာက္ျခင္း၊ အသီးအႏွံစားၿပီးသည့္ေနာက္ အခ်ိဳပြဲထပ္တည္ျခင္း၊ အျခားအစားအစာမ်ား သီးျခား ထပ္စားျခင္းတို ့ကို ေရွာင္ၾကဥ္သင့္ေၾကာင္း သုေတသီမ်ားက အႀကံျပဳထားသည္။
Unicode
သီးအနှံတွင်ပါရှိသော သကြားဓါတ် တစ်မျိုးကြောင့် ပို၍ဆာလောင်စေနိုင်
# UnicodeVersion ဖြင့် ဖတ်ပါ #
အသီးအနှံများကို ချိုစေသော ဖရူးတိုးစ် သကြားဓါတ်ကြောင့် အစာစားချင် စိတ်ကိုပိုစေပြီး လူကိုလည်း ပို၍ ဆာလောင် စေကာ ကိုယ်အလေးချိန် လျော့ချလိုသူများ၊ ကျန်းမာရေး အရ အစားရှောင်လို သူများအဖို ့ ကယ်လိုရီ များစွာပါဝင် သော အစားအစာများကို ထပ်မံစား မိလျက်သား ဖြစ်နေတတ်ကြောင်း သုတေသီများက ဆိုသည်။
သုတေသီများက ဖရူးတိုးစ် ပါဝင်သော သစ်သီးဖျော်ရည်နှင့် ဖရူးတိုးစ်ပြိုကွဲရာမှ ထွက်ပေါ်လာသော ဂလူးကို ့စ်ပါဝင် သော သစ်သီးဖျော်ရည်တို ့ကို ပုံမှန်သောက်သုံး သူများအား ဆန်းစစ်လေ့လာခဲ့ရာ ဂလူးကို ့စ်ထက် ဖရူးတိုးစ်က လူကို အချိုစားချင်စိတ် ပိုစေကြောင်း တွေ ့ရှိခဲ့သည်။
ဂလူးကို ့စ်ကို ပေါင်မုန် ့ကဲ့သို ့ ကာဗိုဟိုက်ဒရိတ်မြင့် မားသော အစားအစာများတွင် တွေ ့ရလေ့ရှိပြီး ခန္ဓာကိုယ်၏ ဇီဝ ကမ္မဖြစ်စဉ်တိုင်းအတွက် အသုံးဝင်ရာဝယ် ဖရူးတိုးစ်သည် အစာစားပြီးနောက် ဝလင်ခြင်းကိုခံစားရစေသည့် အင်ဆူ လင် ဟော်မုန်းကို လှုံ ့ဆော်ပေးခြင်းမပြုသည့်အတွက် ဖရူးတိုးစ်ပါဝင်သော အသီးအနှံနှင့်ဖျော်ရည်များကို စားသောက်ပြီးသော်လည်း ဝသည်ကဲ့သို ့ မခံစားရဘဲ ထပ်မံ၍ စားသောက်မိတတ်ကြောင်း တွေ ့ရှိခဲ့သည်။
သကြားဓါတ်တစ်ခုနဲ ့တစ်ခု မတူသလို သူတို ့ကြောင့်ဖြစ်တဲ့ စားချင်စိတ်လည်း မတူပါဘူး။ ဒီတော့ လူတွေကို ဂလူးကို ့စ် စားမယ့်အုပ်စုနဲ ့ ဖရူးတိုးစ်စားမယ့်အုပ်စု ၂-စု ခွဲလိုက်တယ်။ အစားစားပြီးတာနဲ ့ အချိုထပ်စားမလား ဒါမှမဟုတ် ၁-လပြည့်တဲ့အခါ ရမယ့် ဆုတော်ငွေကို ယူမလားလို ့ ရွေးစရာပေးလိုက်တယ်။ ဂလူးကို ့စ်စားသူတွေ က ၁-လပြည့်တဲ့အထိစောင့်ပြီး ဆုငွေကိုထုတ်ယူဖို ့ ရွေးချယ်ကြပြီး ဖရူူးတိုးစ်စားသူတွေကတော့ အချိုမုန် ့လေး တစ်ခုလောက်ကို စားလိုက်ရဖို ့ပဲ တောင်းဆိုခဲ့ကြတာကို တွေ ့ရတယ်ဟု တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ် မှ သုတေသီတစ်ဦးက ပြောပြသည်။
ထို ့ကြောင့် အသီးအနှံများကို စားသောက်ရာဝယ် ဖရူးတိုးစ်သကြားဓါတ် ပါဝင်ပြီးဖြစ်သည့်အတွက် သကြား ထပ်ထည့်ကာ စားသောက်ခြင်း၊ အသီးအနှံစားပြီးသည့်နောက် အချိုပွဲထပ်တည်ခြင်း၊ အခြားအစားအစာများ သီးခြား ထပ်စားခြင်းတို ့ကို ရှောင်ကြဉ်သင့်ကြောင်း သုတေသီများက အကြံပြုထားသည်။
0 Comments