Zawgyi ျဖင့္ဖတ္ရန္


ဘဝမွာ သူငယ္ခ်င္းေကာင္းေတြပိုင္ဆိုင္ထားဖို႔လိုအပ္ပါတယ္။ သူငယ္ခ်င္းေကာင္းရွိထားတဲ့လူတစ္ေယာက္က ေတာ္ေတာ္ေလးကို ကံေကာင္းေနပါၿပီ။ ကိုယ့္ကို ပံ့ပိုးေပးမယ့္၊ အႀကံဉာဏ္ေပးမယ့္၊ ကိုယ္စိတ္ညစ္တဲ့အခ်ိန္ ရင္ဖြင့္ႏိုင္မယ့္၊ အတူတူေပါႏိုင္မယ့္ သူငယ္ခ်င္းတစ္ေယာက္ရွိထားသင့္ပါတယ္။ သင့္ဘဝမွာ BFF တစ္ေယာက္ ပိုင္ဆိုင္ထားၿပီလား ဒီအခ်က္ေတြနဲ႔ ခ်ိန္ကိုက္ၾကည့္လိုက္ပါေနာ္
၁။ သင္စိတ္ညစ္ေနတာကို သူတို႔သိတယ္
သင့္မ်က္ႏွာအရိပ္အကဲကို သူတို႔နားလည္ပါတယ္။ သင္စိတ္ညစ္ေနလား သူတို႔ၾကည့္တတ္ပါတယ္။ သင္ေျပာစရာမလိုဘဲ သေဘာေပါက္ေနတယ္ဆိုရင္ေတာ့ သူငယ္ခ်င္းေကာင္းပါပဲ။
၂။ သူနဲ႔အတူရွိရင္ ေပ်ာ္ဖို႔ေကာင္းတယ္
အရမ္းခင္တဲ့သူငယ္ခ်င္းနဲ႔ဆိုရင္ ဘာလုပ္ရ လုပ္ရ ေပ်ာ္ဖို႔ေကာင္းေနတာပါပဲ။ ပ်င္းဖို႔ေကာင္းလြန္းတဲ့ကိစၥလုပ္ရင္လည္း သူငယ္ခ်င္းေကာင္းနဲ႔ဆိုရင္ ေပ်ာ္စရာေလးရွာၿပီး အတူတူလုပ္တတ္ပါေသးတယ္။
၃။ သင့္ရဲ႕ အားထားရာ
သင္ဘာပဲလုပ္လုပ္ သူငယ္ခ်င္းေကာင္းက ေထာက္ခံေပးဖို႔ ပံ့ပိုးေပးဖို႔ အဆင္သင့္ရွိေနတတ္ပါတယ္။ သင့္ဘဝတိုးတက္ဖို႔အတြက္ဆိုရင္ ေထာက္ပံ့ေပးဖို႔ အသင့္ရွိတတ္ၾကပါတယ္။
၄။ သင္တို႔ႏွစ္ေယာက္သာနားလည္တဲ့စကားေတြရွိတယ္
သူငယ္ခ်င္းေကာင္းတစ္ေယာက္သာရွိရင္ လူေတြမသိတဲ့ သူနဲ႔ကိုယ္ၾကားက လွ်ိဳ႕ဝွက္ဟာသေလးေတြရွိတတ္ပါတယ္။
၅။ အေပးအယူမရွိတတ္ဘူး
သင့္ကို ကူညီလိုက္တာျဖစ္ျဖစ္၊ သင့္ဘက္က ကူညီလိုက္တာျဖစ္ျဖစ္ ပိုက္ဆံေခ်းတာက လြဲလို႔ အေပးအယူမရွိတတ္ပါဘူး။ ကူညီေပးရရင္ကို ေပ်ာ္႐ႊင္ေနၾကတာပါ။
၆။ ေန႔တိုင္းစကားေျပာျဖစ္တယ္
ဘယ္ေလာက္ပဲအလုပ္မ်ားပါေစ သူငယ္ခ်င္းေကာင္းတစ္ေယာက္က အခ်ိန္ေပးၿပီးေတာ့ကို စကားလာေျပာတတ္ပါတယ္။ မတ္ေဆ့ပို႔တာျဖစ္ျဖစ္၊ ဖုန္းေခၚတာျဖစ္ျဖစ္ အဆက္အသြယ္တစ္ခုရေအာင္ ႀကိဳးစားၾကပါတယ္။
၇။ သင့္အေၾကာင္းကို ေမးတတ္တယ္
သင့္ရဲ႕ ငယ္သူငယ္ခ်င္းဆိုရင္ သင့္အေၾကာင္း သူတို႔သိမွာပါ။ သင္အဆင္ေျပရဲ႕လား သင္ဘာေတြျဖစ္ေနၿပီလဲ သတိတရ ေမးတတ္ၾကပါတယ္။
ဘဝမွာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရဖို႔ အရမ္းခက္ခဲပါတယ္။ ပိုင္ဆိုင္ထားတယ္ဆိုရင္ သူငယ္ခ်င္းေတြအေပၚ အခ်ိန္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။ သူငယ္ခ်င္းေကာင္းပိုင္ဆိုင္ထားသူတို႔အတြက္ ဂုဏ္ယူပါတယ္။ သင့္သူငယ္ခ်င္းေကာင္းေတြကိုလည္း Mention ေခၚဖို႔ မေမ့နဲ႔ေနာ္။


Credit: aunty may


Unicode ဖြင့်ဖတ်ရန်



ဘဝမှာသူငယ်ချင်းကောင်း BFF တစ်ယောက်ပိုင်ဆိုင်ထားပြီဆိုတာသေချာနေတဲ့ ၇ ချက်
ဘဝမှာ သူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ သူငယ်ချင်းကောင်းရှိထားတဲ့လူတစ်ယောက်က တော်တော်လေးကို ကံကောင်းနေပါပြီ။ ကိုယ့်ကို ပံ့ပိုးပေးမယ့်၊ အကြံဉာဏ်ပေးမယ့်၊ ကိုယ်စိတ်ညစ်တဲ့အချိန် ရင်ဖွင့်နိုင်မယ့်၊ အတူတူပေါနိုင်မယ့် သူငယ်ချင်းတစ်ယောက်ရှိထားသင့်ပါတယ်။ သင့်ဘဝမှာ BFF တစ်ယောက် ပိုင်ဆိုင်ထားပြီလား ဒီအချက်တွေနဲ့ ချိန်ကိုက်ကြည့်လိုက်ပါနော်
၁။ သင်စိတ်ညစ်နေတာကို သူတို့သိတယ်
သင့်မျက်နှာအရိပ်အကဲကို သူတို့နားလည်ပါတယ်။ သင်စိတ်ညစ်နေလား သူတို့ကြည့်တတ်ပါတယ်။ သင်ပြောစရာမလိုဘဲ သဘောပေါက်နေတယ်ဆိုရင်တော့ သူငယ်ချင်းကောင်းပါပဲ။
၂။ သူနဲ့အတူရှိရင် ပျော်ဖို့ကောင်းတယ်
အရမ်းခင်တဲ့သူငယ်ချင်းနဲ့ဆိုရင် ဘာလုပ်ရ လုပ်ရ ပျော်ဖို့ကောင်းနေတာပါပဲ။ ပျင်းဖို့ကောင်းလွန်းတဲ့ကိစ္စလုပ်ရင်လည်း သူငယ်ချင်းကောင်းနဲ့ဆိုရင် ပျော်စရာလေးရှာပြီး အတူတူလုပ်တတ်ပါသေးတယ်။
၃။ သင့်ရဲ့ အားထားရာ
သင်ဘာပဲလုပ်လုပ် သူငယ်ချင်းကောင်းက ထောက်ခံပေးဖို့ ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ သင့်ဘဝတိုးတက်ဖို့အတွက်ဆိုရင် ထောက်ပံ့ပေးဖို့ အသင့်ရှိတတ်ကြပါတယ်။
၄။ သင်တို့နှစ်ယောက်သာနားလည်တဲ့စကားတွေရှိတယ်
သူငယ်ချင်းကောင်းတစ်ယောက်သာရှိရင် လူတွေမသိတဲ့ သူနဲ့ကိုယ်ကြားက လျှို့ဝှက်ဟာသလေးတွေရှိတတ်ပါတယ်။
၅။ အပေးအယူမရှိတတ်ဘူး
သင့်ကို ကူညီလိုက်တာဖြစ်ဖြစ်၊ သင့်ဘက်က ကူညီလိုက်တာဖြစ်ဖြစ် ပိုက်ဆံချေးတာက လွဲလို့ အပေးအယူမရှိတတ်ပါဘူး။ ကူညီပေးရရင်ကို ပျော်ရွှင်နေကြတာပါ။
၆။ နေ့တိုင်းစကားပြောဖြစ်တယ်
ဘယ်လောက်ပဲအလုပ်များပါစေ သူငယ်ချင်းကောင်းတစ်ယောက်က အချိန်ပေးပြီးတော့ကို စကားလာပြောတတ်ပါတယ်။ မတ်ဆေ့ပို့တာဖြစ်ဖြစ်၊ ဖုန်းခေါ်တာဖြစ်ဖြစ် အဆက်အသွယ်တစ်ခုရအောင် ကြိုးစားကြပါတယ်။
၇။ သင့်အကြောင်းကို မေးတတ်တယ်
သင့်ရဲ့ ငယ်သူငယ်ချင်းဆိုရင် သင့်အကြောင်း သူတို့သိမှာပါ။ သင်အဆင်ပြေရဲ့လား သင်ဘာတွေဖြစ်နေပြီလဲ သတိတရ မေးတတ်ကြပါတယ်။
ဘဝမှာ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့ အရမ်းခက်ခဲပါတယ်။ ပိုင်ဆိုင်ထားတယ်ဆိုရင် သူငယ်ချင်းတွေအပေါ် အချိန်ပေးဖို့ မမေ့ပါနဲ့နော်။ သူငယ်ချင်းကောင်းပိုင်ဆိုင်ထားသူတို့အတွက် ဂုဏ်ယူပါတယ်။ သင့်သူငယ်ချင်းကောင်းတွေကိုလည်း Mention ခေါ်ဖို့ မမေ့နဲ့နော်။
Credit: aunty may