
ရန္ကုန္စည္ပင္နယ္နမိတ္တြင္ တ႐ုတ္စာျဖင့္ေရးသားထားသည့္ ဆိုင္အမည္ဆိုင္းဘုတ္မ်ား ျမန္မာစာေျပာင္းလဲရမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ စီမံေရးရာဌာန၊ ဌာနမႉးဦးေက်ာ္မင္းက ေျပာၾကားသည္။ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္ နိမိတ္အတြင္းဖြင့္လွစ္သည့္ ဆိုင္မ်ားကို တ႐ုတ္၊ အိႏၵိယစသည့္ စာမ်ားေရးျခင္းကို ခြင့္ျပဳျခင္းမရွိဘဲ အဂၤလိပ္ႏွင့္ ျမန္မာအမည္ေရးျခင္းမ်ိဳးကိုသာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ဦးေက်ာ္မင္းက ေျပာၾကားသည္။

“အိႏၵိယလို၊ ဂ်ပန္လို၊ တ႐ုတ္လိုေရးတာေတြ ခြင့္မျပဳဘူး။ အဂၤလိပ္စာနဲ႔ ျမန္မာေရးတာခြင့္ျပဳတယ္။ ဥပမာ City Mart လိုေရးတာ ဒါဆိုေတာ့ ဒါေတြက ခြင့္ျပဳတယ္။ တ႐ုတ္စာကို ျမန္မာလိုေရးရင္ ရတယ္။ ခြင့္ျပဳတယ္။ ဥပမာ ယြင္ခ်န္လိုမ်ိဳးကို အစက္ေတြအေျပာက္ေတြနဲ႔ တ႐ုတ္လိုမေရးဘဲနဲ႔ ယြင္ခ်န္ဗမာလို ေရးရင္ရတယ္။ ဒါေတြကို စာေတြထုတ္ၿပီးေတာ့ မလိုခ်င္ဘူးဆိုၿပီးမလုပ္ဘူး။ ရပ္ကြက္ အလိုက္ ဒီလိုေျပာင္းပါဆိုၿပီး ေဆာင္႐ြက္ေန ပါတယ္” ဟု ဦ းေက်ာ္မင္းက ေျပာသည္။

လႈိင္သာယာၿမိဳ႕နယ္ရွိ ရပ္ကြက္မ်ားတြင္ တ႐ုတ္လူမ်ိဳးမ်ားဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္၊ အႏွိပ္ခန္း၊ KTV ႏွင့္အလွျပင္ဆိုင္မ်ား အမ်ားအျပားဖြင့္လွစ္ထားေၾကာင္း သိရသည္။ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီနယ္နမိတ္ ၃၃ အတြင္းရွိ လႈိင္သာယာၿမိဳ႕နယ္တြင္ တ႐ုတ္ဘာသာျဖင့္ေရးထားသည့္ ဆိုင္အမည္ဆိုင္းဘုတ္ျဖင့္ ဖြင့္လွစ္ထားသည့္ ဆိုင္အေရအတြက္ မ်ားျပား ေနသျဖင့္ ၿမိဳ႕နယ္ရွိ ရပ္ကြက္အလိုက္ ေခၚယူကာ ျမန္မာအမည္ေျပာင္းလဲရန္ ေဆာင္ ႐ြက္ေနၿပီး ယင္းကဲ့သို႔ေဆာင္႐ြက္မႈအား လႈိင္သာယာၿမိဳ႕နယ္တြင္ အဓိကထားေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“တ႐ုတ္ဆိုင္းဘုတ္ကို ဝန္ႀကီးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ဆိုင္ေတြကို ၫႊန္ၾကားထား ၿပီးပါၿပီ။ တကယ္တမ္းက ဆိုင္းဘုတ္ရဲ႕ ၂၀ ရာခိုင္ႏႈန္းကိုသာ တ႐ုတ္စာေရးဖို႔ခြင့္ျပဳထားတာ။ ဒါေတြကိုလည္း ရပ္ကြက္တာဝန္ခံေတြ ကေနတစ္ဆင့္ စာရင္းေကာက္ၿပီးေတာ့ သူတို႔ေတြကို ၫႊန္ၾကားထားတယ္။ အျမန္ဆုံး ဆိုင္းဘုတ္ေတြကို သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္းေျပာင္းလဲတပ္စဥ္ဖို႔ ၫႊန္ၾကားထားတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္ကေန ၫႊန္ၾကားထားတယ္။

အခ်ိဳ႕ဆိုင္းဘုတ္ေတြက အရမ္းႀကီးတဲ့အတြက္ လုပ္ရကိုင္ရတာ အခက္အခဲရွိတာေၾကာင့္ သူတို႔က အျမန္ဆုံးေဆာင္႐ြက္ေပးမယ္ေျပာတယ္။ ကြၽန္ေတာ္တို႔က ဆက္လက္ေစာင့္ ၾကည့္ၿပီးေတာ့ လိုက္နာျခင္း ရွိမရွိကို ေစာင့္ၾကည့္ေနပါတယ္။ လႈိင္သာၿမိဳ႕နယ္မွာအမ်ားဆုံးက FMI နဲ႔ နဝေဒးဝန္းက်င္မွာရွိတာပါ။ အျခားေနရာမွာေတာ့ သိပ္မရွိပါဘူး” ဟု လႈိင္သာယာၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးစိုးသိန္းေအာင္က ေျပာၾကားသည္။၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ လႈိင္သာယာၿမိဳ႕နယ္တြင္ လူဦးေရေျခာက္သိန္းေက်ာ္ေနထိုင္ၿပီး က်ဴးေက်ာ္အိမ္ေထာင္စု ၃၈၀၀၀ ေက်ာ္ရွိကာ စက္မႈဇုန္ ၁၂ ဇုန္ရွိ ေၾကာင္း သိရသည္။
Source-EMG
Unicode
ရန်ကုန်စည်ပင်နယ်နိမိတ်တွင် တရုတ်စာဖြင့် ရေးသားထားသည့် ဆိုင်အမည် ဆိုင်းဘုတ်များကို မြန်မာစာ ပြောင်းလဲရမည်
ရန်ကုန်စည်ပင်နယ်နမိတ်တွင် တရုတ်စာဖြင့်ရေးသားထားသည့် ဆိုင်အမည်ဆိုင်းဘုတ်များ မြန်မာစာပြောင်းလဲရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန၊ ဌာနမှူးဦးကျော်မင်းက ပြောကြားသည်။ရန်ကုန်မြို့တော်စည်ပင်သာယာနယ် နိမိတ်အတွင်းဖွင့်လှစ်သည့် ဆိုင်များကို တရုတ်၊ အိန္ဒိယစသည့် စာများရေးခြင်းကို ခွင့်ပြုခြင်းမရှိဘဲ အင်္ဂလိပ်နှင့် မြန်မာအမည်ရေးခြင်းမျိုးကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောကြားသည်။
Image result for တရုတ်စာဖြင့် ရေးသားထားသည့်ဆိုင်းဘုတ်များ
“အိန္ဒိယလို၊ ဂျပန်လို၊ တရုတ်လိုရေးတာတွေ ခွင့်မပြုဘူး။ အင်္ဂလိပ်စာနဲ့ မြန်မာရေးတာခွင့်ပြုတယ်။ ဥပမာ City Mart လိုရေးတာ ဒါဆိုတော့ ဒါတွေက ခွင့်ပြုတယ်။ တရုတ်စာကို မြန်မာလိုရေးရင် ရတယ်။ ခွင့်ပြုတယ်။ ဥပမာ ယွင်ချန်လိုမျိုးကို အစက်တွေအပြောက်တွေနဲ့ တရုတ်လိုမရေးဘဲနဲ့ ယွင်ချန်ဗမာလို ရေးရင်ရတယ်။ ဒါတွေကို စာတွေထုတ်ပြီးတော့ မလိုချင်ဘူးဆိုပြီးမလုပ်ဘူး။ ရပ်ကွက် အလိုက် ဒီလိုပြောင်းပါဆိုပြီး ဆောင်ရွက်နေ ပါတယ်” ဟု ဦ းကျော်မင်းက ပြောသည်။
Related image
လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များတွင် တရုတ်လူမျိုးများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ အနှိပ်ခန်း၊ KTV နှင့်အလှပြင်ဆိုင်များ အများအပြားဖွင့်လှစ်ထားကြောင်း သိရသည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နမိတ် ၃၃ အတွင်းရှိ လှိုင်သာယာမြို့နယ်တွင် တရုတ်ဘာသာဖြင့်ရေးထားသည့် ဆိုင်အမည်ဆိုင်းဘုတ်ဖြင့် ဖွင့်လှစ်ထားသည့် ဆိုင်အရေအတွက် များပြား နေသဖြင့် မြို့နယ်ရှိ ရပ်ကွက်အလိုက် ခေါ်ယူကာ မြန်မာအမည်ပြောင်းလဲရန် ဆောင် ရွက်နေပြီး ယင်းကဲ့သို့ဆောင်ရွက်မှုအား လှိုင်သာယာမြို့နယ်တွင် အဓိကထားဆောင်ရွက်နေကြောင်း သိရသည်။
Related image
“တရုတ်ဆိုင်းဘုတ်ကို ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်တွေကို ညွှန်ကြားထား ပြီးပါပြီ။ တကယ်တမ်းက ဆိုင်းဘုတ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ တရုတ်စာရေးဖို့ခွင့်ပြုထားတာ။ ဒါတွေကိုလည်း ရပ်ကွက်တာဝန်ခံတွေ ကနေတစ်ဆင့် စာရင်းကောက်ပြီးတော့ သူတို့တွေကို ညွှန်ကြားထားတယ်။ အမြန်ဆုံး ဆိုင်းဘုတ်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပြောင်းလဲတပ်စဉ်ဖို့ ညွှန်ကြားထားတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကနေ ညွှန်ကြားထားတယ်။
Image result for တရုတ်စာဖြင့် ရေးသားထားသည့်ဆိုင်းဘုတ်များ
အချို့ဆိုင်းဘုတ်တွေက အရမ်းကြီးတဲ့အတွက် လုပ်ရကိုင်ရတာ အခက်အခဲရှိတာကြောင့် သူတို့က အမြန်ဆုံးဆောင်ရွက်ပေးမယ်ပြောတယ်။ ကျွန်တော်တို့က ဆက်လက်စောင့် ကြည့်ပြီးတော့ လိုက်နာခြင်း ရှိမရှိကို စောင့်ကြည့်နေပါတယ်။ လှိုင်သာမြို့နယ်မှာအများဆုံးက FMI နဲ့ နဝဒေးဝန်းကျင်မှာရှိတာပါ။ အခြားနေရာမှာတော့ သိပ်မရှိပါဘူး” ဟု လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်က ပြောကြားသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လှိုင်သာယာမြို့နယ်တွင် လူဦးရေခြောက်သိန်းကျော်နေထိုင်ပြီး ကျူးကျော်အိမ်ထောင်စု ၃၈၀၀၀ ကျော်ရှိကာ စက်မှုဇုန် ၁၂ ဇုန်ရှိ ကြောင်း သိရသည်။
Source-EMG
0 Comments