အမ်ိဳးသမီးငယ္တစ္ဦးဟာ သက္ၾကီးေဂဟာထဲမွာ သူမ ေန႔တစ္ဓူ၀ရင္ဆိုင္ေတြ႔ၾကံဳေနရတဲ့ အခက္အခဲေတြကို ေျပာျပခဲ့ပါတယ္။ ထိုအမ်ိဳးသမီးငယ္ကေတာ့ တာလီယာစတက္ဂ္ဆိုသူပါ။ သူမဟာ သက္ၾကီးေဂဟာမွာ တစ္ေန႔တာဆိုတဲ့ ပို႔စ္ကို ေရးသားၿပီး မၾကာေသးခင္ကမွ ေဖ့စ္ဘုတ္ေပၚ တင္ခဲ့တာ ျဖစ္ပါတယ္။
ပို႔စ္မွာေတာ့ သူမဟာ မနက္ (၆း၃၀) ကေန ညေန (၃း၂၀) ေက်ာ္ေလာက္ထိ အလုပ္ရရၿပီး ၄င္းအခ်ိန္တြင္းမွာ ဖတ္ဖတ္ေမာေအာင္ လုပ္ရတဲ့အေၾကာင္းကို စာေရးသားခဲ့တာပါ။ သူမအလုပ္က (၃) နာရီအထိ ျဖစ္ေပမယ့္လည္း အခ်ိန္ကြက္တိျပန္ရတယ္လို႔ မရွိဘဲ အျမဲတမ္းအခ်ိန္ပိုဆင္းရေၾကာင္း၊ ဒါေပမယ့္ အခ်ိန္ပိုေၾကးလည္း ဘယ္ေတာ့မွ မရတဲ့အေၾကာင္းကို တာလီယာက ေျပာျပခဲ့တာပါ။
သတင္းမီဒီယာေတြက သက္ၾကီးေဂဟာေတြမွာ အလုပ္လုပ္ေနၾကတဲ့ သူနာျပဳေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြအေၾကာင္းကို ေရးသားတဲ့အခါ မေကာင္းေၾကာင္းေတြခ်ည္းပဲ ထုတ္ေဖာ္ေရးသားၾကေၾကာင္းနဲ႔ တကယ္တမ္းေတာ့ က်န္းမာေရး၀န္ထမ္းအားလံုးဟာ အက်င့္ပ်က္ေနတာမဟုတ္ပဲ ကိုယ့္အလုပ္ကိုယ္ ျမတ္ႏိုးၾကသူေတြခ်ည္းပါလို႔ သူမက ဆိုပါတယ္။
သူမရဲ႕ ပို႔စ္ထဲမွာေတာ့ သက္ၾကီးရြယ္အို အဖိုးအဖြားေတြရဲ႕ ေ၀ယ်ာ၀စၥကိစၥေတြ၊ ထမင္းေကြ်းဖို႔ ေဆးတိုက္ဖို႔ ကိစၥေတြကို နာရီေလးအနည္းငယ္နဲ႔ ၿပီးစီးေအာင္ လုပ္ရေၾကာင္းေတြကို ေရးသားခဲ့တာပါ။ အဖိုးအဖြားတစ္ဦးကို ေရခ်ိဳးေပးဖို႔၊ သန္႔ရွင္းေရးလုပ္ေပးဖို႔၊ အက်ႌ၀တ္ေပးဖို႔ စတဲ့အလုပ္ေတြက မ်ားလြန္းတဲ့အတြက္ အခ်ိန္မီေအာင္ မနည္းရုန္းၿပီး လုပ္ေနရေၾကာင္း ေျပာျပပါတယ္။ ဒါ့ျပင္ က်န္းမာေရး၀န္ထမ္းကလည္း ေဂဟာမွာ စုစုေပါင္း (၄) ေယာက္ပဲ ရွိေတာ့ ေဂဟာေန အဖိုးအဖြား (၂၄)ေယာက္ကို အလွည့္နဲ႔ ၾကည့္ရႈလုပ္ကိုင္ေပးရေၾကာင္း ဆိုပါတယ္။ အလုပ္ေတြနဲ႔ ပိေနလို႔ သူမတို႔၀န္ထမ္းေတြဟာ မနက္စာေတာင္စားဖို႔ အခ်ိန္မရွိတဲ့အျပင္ အိမ္သာေတာင္မွ တက္ခ်ိန္မရပါဘူးလုိ႔လည္း တာလီယာက ေျပာျပပါတယ္။
သူမရဲ႕ ပို႔စ္ကိုေတာ့ လူေပါင္းမ်ားစြာက ျပန္လည္မွ်ေ၀ထားၾကၿပီး အထူးသျဖင့္ေတာ့ က်န္းမာေရး၀န္ထမ္းေတြက ေထာက္ခံထားၾကပါတယ္။ က်န္းမာေရး၀န္ထမ္းေတြရဲ႕ တစ္ေန႔တာျဖတ္သန္းရပံုနဲ႔ အလုပ္ခြင္မွာ အခ်ိန္ကိုလုၿပီး အလုပ္လုပ္ေနရတဲ့အေၾကာင္းေတြကို အေကာင္းဆံုးေျပာျပသြားႏိုင္တယ္လို႔ တာလီယာကို ခ်ီးက်ဴးေနေၾကာင္းလည္း သိရပါတယ္။
လင္းလင္း (ShweMom)
Unicode
သက်ကြီးဂေဟာအတွင်းက ကျန်းမာရေးဝန်ထမ်းတွေရဲ့ခါးသီးတဲ့အမှန်တရားကို ပြောပြခဲ့တဲ့သူမ
fb/Tahlia Stagg & unsplash/Alex Boyd
အမျိုးသမီးငယ်တစ်ဦးဟာ သက်ကြီးဂေဟာထဲမှာ သူမ နေ့တစ်ဓူဝရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။ ထိုအမျိုးသမီးငယ်ကတော့ တာလီယာစတက်ဂ်ဆိုသူပါ။ သူမဟာ သက်ကြီးဂေဟာမှာ တစ်နေ့တာဆိုတဲ့ ပို့စ်ကို ရေးသားပြီး မကြာသေးခင်ကမှ ဖေ့စ်ဘုတ်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။
ပို့စ်မှာတော့ သူမဟာ မနက် (၆း၃၀) ကနေ ညနေ (၃း၂၀) ကျော်လောက်ထိ အလုပ်ရရပြီး ၄င်းအချိန်တွင်းမှာ ဖတ်ဖတ်မောအောင် လုပ်ရတဲ့အကြောင်းကို စာရေးသားခဲ့တာပါ။ သူမအလုပ်က (၃) နာရီအထိ ဖြစ်ပေမယ့်လည်း အချိန်ကွက်တိပြန်ရတယ်လို့ မရှိဘဲ အမြဲတမ်းအချိန်ပိုဆင်းရကြောင်း၊ ဒါပေမယ့် အချိန်ပိုကြေးလည်း ဘယ်တော့မှ မရတဲ့အကြောင်းကို တာလီယာက ပြောပြခဲ့တာပါ။
သတင်းမီဒီယာတွေက သက်ကြီးဂေဟာတွေမှာ အလုပ်လုပ်နေကြတဲ့ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြောင်းကို ရေးသားတဲ့အခါ မကောင်းကြောင်းတွေချည်းပဲ ထုတ်ဖော်ရေးသားကြကြောင်းနဲ့ တကယ်တမ်းတော့ ကျန်းမာရေးဝန်ထမ်းအားလုံးဟာ အကျင့်ပျက်နေတာမဟုတ်ပဲ ကိုယ့်အလုပ်ကိုယ် မြတ်နိုးကြသူတွေချည်းပါလို့ သူမက ဆိုပါတယ်။
facebook/Tahlia Stagg
သူမရဲ့ ပို့စ်ထဲမှာတော့ သက်ကြီးရွယ်အို အဖိုးအဖွားတွေရဲ့ ဝေယျာဝစ္စကိစ္စတွေ၊ ထမင်းကျွေးဖို့ ဆေးတိုက်ဖို့ ကိစ္စတွေကို နာရီလေးအနည်းငယ်နဲ့ ပြီးစီးအောင် လုပ်ရကြောင်းတွေကို ရေးသားခဲ့တာပါ။ အဖိုးအဖွားတစ်ဦးကို ရေချိုးပေးဖို့၊ သန့်ရှင်းရေးလုပ်ပေးဖို့၊ အကျႌဝတ်ပေးဖို့ စတဲ့အလုပ်တွေက များလွန်းတဲ့အတွက် အချိန်မီအောင် မနည်းရုန်းပြီး လုပ်နေရကြောင်း ပြောပြပါတယ်။ ဒါ့ပြင် ကျန်းမာရေးဝန်ထမ်းကလည်း ဂေဟာမှာ စုစုပေါင်း (၄) ယောက်ပဲ ရှိတော့ ဂေဟာနေ အဖိုးအဖွား (၂၄)ယောက်ကို အလှည့်နဲ့ ကြည့်ရှုလုပ်ကိုင်ပေးရကြောင်း ဆိုပါတယ်။ အလုပ်တွေနဲ့ ပိနေလို့ သူမတို့ဝန်ထမ်းတွေဟာ မနက်စာတောင်စားဖို့ အချိန်မရှိတဲ့အပြင် အိမ်သာတောင်မှ တက်ချိန်မရပါဘူးလို့လည်း တာလီယာက ပြောပြပါတယ်။
facebook/Tahlia Stagg
သူမရဲ့ ပို့စ်ကိုတော့ လူပေါင်းများစွာက ပြန်လည်မျှဝေထားကြပြီး အထူးသဖြင့်တော့ ကျန်းမာရေးဝန်ထမ်းတွေက ထောက်ခံထားကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တစ်နေ့တာဖြတ်သန်းရပုံနဲ့ အလုပ်ခွင်မှာ အချိန်ကိုလုပြီး အလုပ်လုပ်နေရတဲ့အကြောင်းတွေကို အကောင်းဆုံးပြောပြသွားနိုင်တယ်လို့ တာလီယာကို ချီးကျူးနေကြောင်းလည်း သိရပါတယ်။
လင်းလင်း (ShweMom)
0 Comments